The Readers
VOLUNTEERS WELCOME | |
Please Join With Us! |
အလင်းစကား ဟူသည်...
အလင်းစကား အသံထွက်စာအုပ် ဝက်ဘ်ဆိုက်ကို ၂၀၁၄ ခုနှစ် သြဂုတ်လမှ စတင်ကာ စိတ်ကူးတူညီသူများနှင့် စုစည်းထားသော "စာဖတ်သူများ" အဖွဲ့မှ တင်ဆက်လိုက်ပါသည်။
"စာဖတ်သူများ" အဖွဲ့သည် စီးပွားရေး အကျိုးတစ်စုံတစ်ရာ မပါရှိပဲ ပရဟိတသက်သက် အသံအလှူအဖြစ်သာ ရည်ရွယ်ပါသည်။
စာဖတ်လိုသော်လည်း စာဖတ်ရန် အချိန်ရှားပါးလွန်းသူများ၊ စာဖတ်ရန် အလင်းချို့တဲ့သူများ အတွက် ရည်ရွယ်ကာ နှလုံးသားနှင့် စိတ်ဓါတ်တို့ကို ပြန်လည် အားဖြည့်နိုင်စေနိုင်သော စာပေကောင်းများကို ဦးစားပေး၍ ကြိုးစား တင်ဆက်သွားပါမည်...
ယနေ့ခေတ်လို အရှိန်အဟုန်ဖြင့် တိုးတက်လာသော နည်းပညာ ခေတ်ကြီးတွင် နည်းပညာများ နောက်သို့ ထပ်ချပ်မကွာလိုက်ရင်း နှလုံးသားနှင့် စိတ်ဓါတ်တို့ကို အားဖြည့်ရန် အချိန်မပေးနိုင်ကြသော လူငယ်များနှင့် လိုက်လျောညီထွေ ဖြစ်စေခြင်း အလို့ငှါ AudioBook များကို ဖန်တီးရခြင်း အကြောင်းလည်း ဖြစ်ပါသည်။
ကာစီးရင်း၊ ရထားစီးရင်း၊ လမ်းသွားရင်း နားဆင်ရုံမျှဖြင့် စာအုပ် တစ်အုပ် ဖတ်ပြီးသကဲ့သို့ အနှစ်သာရ ရစေရန် စေတနာနှင့် ရည်ရွယ် လုပ်ဆောင်ပါသောကြောင့် မူရင်း စာရေးဆရာ/မ များနှင့် စာပေ ထုတ်ဝေသူမျာကိုလည်း မူပိုင်ခွင့် ချိုးဖောက်သည်ဟု မယူဆစေလိုပဲ ခွင့်ပြုပေးပါရန် "စာဖတ်သူများ" အဖွဲ့မှ မေတ္တာရပ်ခံအပ်ပါသည်။
ထို့နည်းတူစွာ Online မှရှာဖွေ ရရှိထားသော အချို့ AudioBooks ဖတ်ကြားထားသော အသံပိုင်ရှင်များကိုလည်း ဖော်ပြခွင့်ပြုပါဟု တစ်ပါတည်း မေတ္တာရပ်ခံလိုပါသည်။
နောက်ထပ် ဖတ်ကြားမည့် အသံအလှူရှင်များကိုလည်း ကြိုဆိုလျှက်ရှိပြီး၊ အသင့် ဖတ်ကြားထားပြီးသော AudioBooks များကို ပေးပို့လိုပါက alinsagar@gmail.com သို့ ပေးပို့နိုင်ကြပါတယ်..
"စာဖတ်သူများ" အဖွဲ့
We are TheReaders..
Copyright © 2014 ALIN SAGAR All Rights Reserved.